Thursday 7 April 2011

ကျန်းမာရေးအတွက် လေယာဉ်မစီးခင် ပြုလုပ်ထားသင့်သော နည်းလမ်းခုနစ်သွယ်

ကျန်းမာရေးအတွက် လေယာဉ်မစီးခင် ပြုလုပ်ထားသင့်သော နည်းလမ်းခုနစ်သွယ်


-၁။ လေဆိပ်ထဲက အိမ်သာထဲ သွားပါ

- Boarding Pass ကို မကျော်ခင် လေဆိပ်ထဲက အိမ်သာထဲမှာ ဆီးသွားပေးပါ။
လေဆိပ်ထဲက အိမ်သာတွေက လေယာဉ်ပေါ်က အိမ်သာတွေထက် အများအားဖြင့် ပိုသန့်ရှင်း လေ့ရှိပါတယ်။

ဒါဆိုရင် လေယာဉ်ပေါ်မှာ အိမ်သာသွားရတဲ့ အကြိမ်ရေ နည်းသွားပြီး လေယာဉ် စီးချိန် အတောအတွင်း ပိုးမွှားကူး စက်ခံရမှုကိုပါ အတန် အသင့် ရှောင်ရှား နိုင်ပါ လိမ့်မယ်။

-၂။ လက်များကို သေချာဆေးကြော သန့်စင်ပါ

- လေဆိပ်မှာ အိမ်သာသွားပြီးတာနဲ့ ဆပ်ပြာတိုက်ကာ လက်ဆေးပါ။ ဘုံပိုင်ခေါင်းကို တစ်သျှူးနဲ့ကိုင်ပြီး အဖွင့်အပိတ် ပြုလုပ်ပါ။



-၃။ ရေများများ သောက်ပါ

- လေယာဉ်ပေါ်မှာ ရေဓာတ်ခန်းခြောက်မှု လျော့နည်းအောင် ရေကို ကြိုသောက်ပေးပါ။

-၄။ သင့်နှာခေါင်းကို စိုစွတ်အောင် လုပ်ပါ

- လေယာဉ်ကွင်း လေထုခြောက်သွေ့မှုကြောင့် နှာခေါင်းခြောက်သွေ့ကာ နှာခေါင်းသွေးယိုနိုင်ပါတယ်။
နှာခေါင်းအတွင်းက အချွဲမြှေးတွေ စိုစွတ်ပြီး စီးဆင်းမှု အားကောင်းအောင် နှာခေါင်းဖျန်းဆားရည် (Saline Nasal Spray) ဆောင်ထားပါ။

-၅။ ဒိန်ချဉ်သောက်ပါ

- ဒိန်ချဉ်ထဲမှာပါဝင်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတဲ့ အာနိသင်ရှိပါတယ်။

နေ့စဉ်အဆီနည်း ဒိန်ချဉ်တစ်ခွက် သောက်တာက အအေးမိနိုင်ခြေကို ၂၅ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
ဒိန်ချဉ်ထဲမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေဟာ ဗိုင်းရပ်စ်တွေကို တိုက်ခိုက်ပေးလို့ပါ။



-၆။ လေယာဉ်မစီးခင် မျက်ကပ်မှန်ဖြုတ်ပါ

- လေယာဉ်စီးတဲ့အခါ လေယာဉ်ကွင်း လေထုခြောက်သွေ့မှုကြောင့် မျက်ကပ်မှန် တပ်ထားရတာ မသက်မသာ ခံစားရတတ်ပါတယ်။

ဒါကြောင့် လေယာဉ်မစီးခင် လေဆိပ်ထဲက ရေချိုးခန်းအိမ်သာထဲမှာ မျက်ကပ်မှန် ချွတ်ထားနိုင်ပါတယ်။

လေယာဉ်စီးစဉ်အတွင်း မျက်စိကို မဆေးရသေးတဲ့ လက်နဲ့ထိတွေ့ခြင်းကို ရှောင်ပါ။

-၇။ ကိုယ်ခံစွမ်းအားစနစ် ကောင်းစေသော ဖြည့်စွက်ဆေးသောက်ပါ

- ဗီတာမင်စီ၊ ဇင့်ငုံဆေးပြားစတဲ့ ဖြည့်စွက်ဆေးတွေဟာ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတာကြောင့် လေယာဉ်ပေါ်ကို ဆောင်ယူပြီး အသင့်အတင့် မှီဝဲပေးသင့်ပါတယ်။

Ref: Good Health။

No comments:

Post a Comment